Tuesday, August 24, 2021

အောင်မြေသာစံမြို့နယ်တွင်ပြည်သူများသိရှိစေရန်အသိပေးကြေညာချက်များအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြေညာ

မန္တလေး  ဩဂုတ်  ၂၄

 မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ပြန်သည့်ပြည်သူများသိရှိစေရန်အသိပေးကြေညာချက်များအား ယနေ့နံနက်၁၀နာရီကစတင်၍ မြို့နယ်အတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကြေညာခဲ့ကြောင်း သိရသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ၂၀၂၁ခုနှစ်ဩဂုတ်၂၂ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ သည့် မိမိတို့နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် ပါဝင်သောမြို့နယ်များ တွင်နေထိုင်ကြသည့် ပြည်သူများလိုက်နာရန် စည်းကမ်းချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား နှောက်ယှက်တိုက်ခိုက်နေကြသော အကြမ်းဖက် သမားများ ဖမ်းဆီးရမိရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးပါရန် မိဘပြည်သူများသို့ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများသိရှိနိုင်စေရန်အတွက် မြို့နယ်အတွင်း မော်တော် ယာဉ်များဖြင့်လှည့်လည် အသိပေးကြေညာခြင်းဖြစ်သည်။

 အဆိုပါ ပြည်သူများသိရှိစေရန် အသိ‌ပေးကြေညာ ချက်များကို မော်တော်ယာဉ်ဖြင့်လှည့်လည် ကြေညာရာတွင်အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်‌ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်းပါ(၃)ဦး၊ အမှတ်(၅)မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မိုးပါ(၆)ဦးတို့က ဆောင်ရွက် ကြခြင်းဖြစ်ပြီး ဩဂုတ်၂၃ ရက်ညပိုင်းကလည်း မြို့နယ်အတွင်း လှည့်လည် အသိပေးကြေညာ ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)

No comments:

Post a Comment