Tuesday, August 24, 2021

မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများအား အသံချဲ့စက်ဖြင့်လှည့်လည်ဆော်ဩ



 မြောက်ဦး  ဩဂုတ်  ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ   မြောက်ဦး ၊ ကျောက်တော်၊ မင်းပြားနှင့်မြေပုံမြို့နယ် များ၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကြိုတင်ကာ ကွယ်နိုင်ရန်အတွက် ယနေ့  နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာ များပူးပေါင်းပါဝင်သော အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပေးချက်များ အား အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး နှိုးဆော်ရာတွင် မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော အဓီကလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များအား ရပ်ကွက်နေ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များအား မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော အချက်များဖြစ်သည့်   တတ်နိုင်သမျှ မိမိအိမ်နေအိမ်တွင် နေထိုင်ကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့သွား သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Masks)များကို စနစ်တကျမပျက်မကွက်တပ်ဆင်ကြ ပါရန် စသည့်အချက်များအား မြို့ပေါ်ရပ် ကွက်များ၊ ကျေးရွာများ၊ လမ်းဆုံ၊ လမ်းခွများ၊ လူစည် ကားရာ နေရာများသို့သွားရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာညွှန်ကြားချက်များအား ပြည်သူများအနေဖြင့် တိကျစွာလိုက်နာကြရန်အတွက် အသံချဲ့ စက်ဖြင့် ကျန်းမာရေးအသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

ခင်မောင်ထွန်း   

No comments:

Post a Comment