Wednesday, August 25, 2021

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်စိုက်ခင်းတွင်အား ကြည့်ရှု၊ တကုန်းကြီးကျေးရွာ Quarantine Center သို့ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

 


ပုသိမ် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယ​​မန်နေ့ ​နေ့လယ်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီး အရှေ့ကျေးရွာတွင် Saemaul Undong (S.M.U) ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းဖြင့် ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၃၆)ဧက၌ ဓါတ်မြေသြဇာ ကြဲပက်နေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့် မှ ဓာတ်မြေသြဇာ လိုအပ်မှုအခြေအနေများ၊ မြေဆီလွှာဓာတ်ခွဲ စစ်ဆေးမှုအဖြေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။



ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာရှိ ပါရမီရိပ်သာ ကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ရောက်ရှိ၍ PPE ဝတ်စုံ (၄၀)၊ FACE MASK (၂၀၀၀)ခုနှင့် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅၀၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူကြကြောင်း သိရှိရသည်။                                                       

 

ကိုတွတ်(ပြန်/ဆက်)

No comments:

Post a Comment