မေတ္တာ ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်က ထီးခီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ
အလုပ်သမားများသည် ထိုင်းနိုင်ငံတွင်
အကြောင်းအမျိုးမျိုးကြောင့်
ပြစ်ဒဏ်ကျခံရ သူများဖြစ်ပြီး
ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်မှူး Mr-Sucha Sannam က
ထီးခီးနယ်စပ် ကုန်သွယ် ရေးစခန်းတွင် လာရောက်လွှဲပြောင်းပေးရာ
တာဝန်ရှိသူများက
ကိုဗစ်-၁၉
ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ
ပြန်လည်လက်ခံခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းထံမှ သိရ သည်။
အဆိုပါ ဝင်ရောက်လာသူများသည်
အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး
၄၀ ဦး စုစုပေါင်း ၆၆ ဦးဖြစ်ပြီး
ရာသီဥတုအခြေအနေအရ မေတ္တာမြို့
မိုးလုံလေလုံခန်းမ၌ တစ်ညအိပ် ရပ်နားစေပြီး ယနေ့၌ ထားဝယ်မြို့ Quarantine Centre သို့ ဆက်လက်ပို့ဆောင်ပြီး အသွားအလာ ကန့်သတ်ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။


No comments:
Post a Comment