Monday, August 23, 2021

ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း များအတွက် အသုံးပြုရန် PPE ဝတ်စုံများ လှူဒါန်း

 




 

ငါန်းဇွန်  ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ငါန်းဇွန်မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019(COVID19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၊ဌာနဆိုင်ရာများ၊စေတနာ့ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ နှင့်ဒေသခံပြည်သူများပူးပေါင်း၍အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရာအဆိုပါလုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက်အလှူရှင်များကလုပ်ငန်းသုံးပစ္စည်းများနှင့်အလှူငွေများလာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ငါန်းဇွန်မြို့ အမှတ်(၄)ရပ် ကွက်နေ ဦးညွန့်မောင်နှင့်ဇနီး ဒေါ်စုစု (တက်နေလင်း နို့ချက်လုပ်ငန်း)မိသားစုမှကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် လိုအပ်သလိုအသုံးပြုနိုင်ရန် PPE ဝတ်စုံ (၁၄၀)စုံကိုမြို့နယ်CoronavirusDisease 2019(COVID19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံသို့လာရောက်လှူဒါန်းသဖြင့် မြို့နယ်CoronavirusDisease2019(COVID19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ ဦးမျိုးမင်းသိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)ကအလှူရှင်မိသားစုအားကျေးဇူးအထူးတင်ရှိကြောင်းဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 သက်နောင်ဦး

No comments:

Post a Comment