စဉ့်ကူး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ နန်းတော်ရှေ့ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥတ္တရ မှ ဦးဆောင်၍ ယမန် နေ့ နံနက်ပိုင်းမှစတင်ပြီး အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများကို ကျေးရွာများ အရောက် သွားရောက်လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည် ။
အဆိုပါ အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများကို စဉ့်ကူးမြို့နယ် ၊ ထုံးကြီးကျေးရွာရှိ ထုံးကြီးတိုက်နယ်ဆေးရုံသို့ အောက်ဆီဂျင်စက်(၁)လုံးနှင့် အောက်ဆီဂျင်အိုး(၅)လုံး အား လည်းကောင်း ၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာ၊ ဒေါင့်ကြီးကျောင်းတိုက်သို့ အောက်ဆီဂျင်စက်(၁)လုံးနှင့် အောက်ဆီဂျင်အိုး(၃)လုံး အားလည်းကောင်း ၊ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာ၊ သဲအင်းတိုက်နယ်ဆေးရုံသို့ အောက်ဆီဂျင်စက်(၁)လုံးနှင့် အောက်ဆီဂျင်အိုး (၃)လုံး အားလည်းကောင်း ၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးရွာစိန်ရတနာ ကျောင်းတိုက်သို့ အောက်ဆီဂျင်စက်(၁)လုံးနှင့် အောက်စီဂျင်အိုး(၄)လုံးတို့အား ဒေသတာဝန်ခံ များထံသို့ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါကြောင်း သိရှိရသည် ။



No comments:
Post a Comment