ဖောင်းပြင် ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုး နှံနိုင်ရေးအတွက် ကာကွယ်ဆေးအလုံးရေ ၁၅၀၀ရရှိပြီး ဆေးတစ်လုံးလျင် ၂ဦးနှုန်းဖြင့် ယခုလ ၁၉ရက်နေ့မှ စတင်ထိုး နှံပေးလျက်ရှိရာ ၂၄၂၃ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ရာတွင် ဘာသာရေးကျောင်းများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စေတနာ့ဝန် ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူတို့အား ထိုးနှံပေးခဲ့ရာ မြို့ပေါ်ရပ်ကွက် ၂ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄အုပ်စုရှိ ဆေးထိုးစုရပ်များ မှ ၂၄၂၃ဦးကို ထိုးနှံပြီးစီးပြီး ကျန်ရှိသော ကျေးရွာများရှိ ဆေးထိုးစုရပ်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ် တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတ အသင်းအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများက ကြီးကြပ်လျက်ရှိကြောင်းသိ ရသည်။
ကိုထွန်း

No comments:
Post a Comment