Tuesday, August 10, 2021

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကျောင်းကုန်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ အလှူငွေ၊ PPE ဝတ်စုံနှင့် အောက်ဆီဂျင်အိုးများ လှူဒါန်း

 


                                                                                  ကျောင်းကုန်း ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ရောက်ရှိခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနရှေ့၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက PPE ဝတ်စုံ (၁၀၀)စုံ ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က လက်ခံရယူခဲ့ပြီး၊ အလှူငွေကျပ်(၅) သိန်း ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း က လက်ခံရ ယူခဲ့သည်။

ဆက်လက်၍ ပြည်သူ့ ဆေးရုံဝန်းအတွင်း၌ O2 Plant တည်ဆောက်နေမှုအား ကြည့်ရှုကာ အမြန်ဆုံးပြီးစီးနိုင်ရေး အားပေးစကား ပြောကြားပြီး၊ အောက်ဆီ ဂျင် ၄၀ လီတာအိုး(၂၀)လုံး ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရှိ စုရပ်(၁)ရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုး လုပ်ငန်းသို့ သွားရောက် ကြည့်ရှု ခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်

 

No comments:

Post a Comment