Tuesday, August 10, 2021

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 


                  

                                                                  မြစ်ကြီးနား          သြဂုတ်  ၁၀

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများအားအသိပညာပေးခြင်းနှင့်တိုက်တွန်း နှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားနှင့် ပြည်နယ်အတွင်း သဘာဝဘေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများအား အသိပညာပေးခြင်းနှင့် တိုက်တွန်း နှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသော တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ (၁၁)ဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌တွေ့ဆုံပြီး တိုင်းရင်း သားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့အသီးသီးအနေဖြင့် ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလအ တွင်း ပြည်သူများအား အသိပေးခြင်း လုပ်ငန်းများကို မိမိတို့အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းပူးပေါင်း၍ မိမိတို့ဘာသာစကားအသီးသီးဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့်အတွက် အဖွဲ့ တစ်ခုခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ထောက်ပံ့မှုများ ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ ၁၁ ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၂၂ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များကိုယ်စား ဂျိမ်းဖောစာပေနှင့် တိုင်းလုံရှမ်းစာပေတို့မှ တာဝန်ရှိသူတို့က ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်အတူ ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီတွင် ဖြစ်ပွား လေ့ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဉ်များ၊ မြေပြိုကမ်းပြိုဖြစ်စဉ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင် ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးတွင်းကာလအတွင်း ပြည်နယ်အ တွင်းသဘာဝဘေးဖြစ်ပွားလေ့ရှိသည့် ဖြစ်ရပ်ဖြစ်စဉ် များအတွက် ကြိုတင်ကာကွယ်ခြင်း၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအတွက် ဆပ်ကော်မတီအသီးသီးကို ပြင်ဆင်ဖွဲ့စည်းပြီး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များ၊ စုဖွဲ့ဆောင်ရွက်ထားမှုကို ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်သွားကြ‌ရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက သဘာဝဘေးနှင့်ပတ်သက်သည့် လုပ်ငန်းစီမံချက်များသည် နှစ်စဉ်ဖြစ်ပွား လေ့ရှိသည့် သဘာဝဘေးဖြစ်စဉ်ဖြစ်ရပ်များအတွက် ရေရှည်တုံ့ပြန်ဆောင်ရွက်သွာမည့် လုပ်ငန်းစီမံချက်များဖြစ်စေရန် အလေးထား ဆောင်ရွက်သွား ရေး တိုက်တွန်းပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီအလိုက် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းလိုအပ် ချက်များ၊ ကယ်ဆယ်ရေးပစ္စည်များ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ ပျက်စီးဆုံးရှုံးမှုများအတွက် ကြိုတင်ပြင်ဆင် စုဖွဲ့ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ တပ်မတော် တပ်ရင်းတပ်ဖွဲ့များအလိုက်  စုဖွဲ့ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းတာဝန် အလိုက် ဆောင်ရွက်သွားရမည့် အရေးပေါ် လုပ်ငန်းများနှင့် ပတ်သက်၍ တက်ရောက်လာသူများ က အသီးသီးဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် တိုင်းမှူးက တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်မည့် ယာဉ်၊ ယန္တရား၊ လူအင်အား စုဖွဲ့ဆောင်ရွက်ထား ရှိမှုတို့အပေါ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများကို သုံးသပ်ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment