Tuesday, August 10, 2021

ရွှေကျင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၌ သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

 



                                                                                   ရွှေကျင် ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်တွင် သဘာဝဘေး ကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ၂၀၁၉ခုနှစ်၌ သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၆)ရွာမှ ဧကပေါင်း(၄၀၄၁)ဧကအတွက် တစ်ဧကလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ်(၄၀၄၁၀၀၀၀)တိတိအား တောင်သူများ၏ကိုယ်စား ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်မြင့်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေး နှင့် ဌာနဆိုင်ရာအကြီးအကဲများက ကျေးရွာအုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့ကြော

 

No comments:

Post a Comment