ကျောက်ဖြူ သြဂုတ် ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာ များမှ လှူဒါန်းထားသည့်ငွေများအား Positive Centre ရှိလူနာများနှင့် Volunteer များထံသို့ လှူဒါန်းပေး အပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀
နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကူအညီ များရရှိ စေရန် ရည်ရွယ်၍ အလှူငွေများအား လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ နည်းလာစေ ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မေးမြန်းဆွေးနွေးပြောကြားရာတက် ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့ များမှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အား နည်းချက်၊ အားသာ ချက်များကို ပြန်လည်ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ဆက်လက်ပြီး အလှူငွေများအား ထောက်ပံ့ပေးအပ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ် ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း Volunteer များထံသို့ စက်သုံးဆီဝယ်ယူရန်အတွက် အလှူငွေ ၅၀၀၀၀၀ ကျပ်အားလည်းကောင်း၊ ပိုးသတ်ဆေးဝယ်ယူရန် အတွက် ၁၂၀၀၀၀ ကျပ်အားလည်းကောင်း၊ Positive လူနာများအား အဟာရပြည့်အစားအစာများ ကျွေးမွေးရန် အလှူငွေ ၆၂၀၀၀၀ ကျပ်အား လည်းကောင်း၊ Camp ဝင် Volunteer များအား ကျွေးမွေး ရန်အတွက် အလှူငွေ ၃၅၀၀၀၀ ကျပ်အားလည်းကောင်း၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်း ဆောင်နေသူများအသုံး ပြုရန် Hand Gel, Mask နှင့် ဆက်စပ်ပစ္စည်းများဝယ် ယူရန်အတွက် အလှူငွေ ၁၉၅၀၀၀ ကျပ်အားလည်းကောင်း၊ စုစုပေါင်းလှူဒါန်းငွေ ၁၇၈၅၀၀၀ ကျပ်အား ထောက်ပံ့လှူဒါန်းရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး


No comments:
Post a Comment