Friday, August 13, 2021

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ် ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

 


 




 

လှိုင်သာယာ(အနောက်ပိုင်း)   သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁ တိုင်းဒေသ ကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ ဒုမြို့တော်ဝန်ဦးညီညီ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စည်ပင်သာယာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တွံတေးတံတားလမ်းမကြီး (ဝဲ/ယာ) နှစ်ဘက်လမ်း (အနံ၁၂ပေ/အလျား၃၁၆၈ပေ) ဆောင်ရွက်နေမှုအခြေအနေအား စနစ်တကျ ရေရှည်ခိုင် မာမှုရှိစေရေး ကွင်းဆင်းကြည့်ရှု့ခဲ့၍ လိုအပ်သည်များ ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရမှာ စီမံဆောင် ရွက်ပေး မှုဖြင့်၂၀၂၀-၂၀၂၁တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ဝေလွင်ကျော်

No comments:

Post a Comment