Friday, August 13, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံ စပါးမျိုးများ ရွေးချယ်စမ်းသပ်စိုက်ကွက်များအား ကြည့်ရှုစစ်ဆေး

 




 

လက်ပံတန်း ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည်တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူဩဂုတ်၁၂ရက်နေ့တွင်လက်ပံတန်းမြို့နယ်ရှိစိုက်ပျိုးရေးသုတေသနခြံ စပါးမျိုးများရွေးချယ်စမ်းသပ်စိုက် ကွက်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးသည့် စမ်းသပ်ကွက်များနှင့်ပတ်သတ်၍ လက်ပံတန်းစိုက် ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါ်လေဘာတီတင်ကရှင်းလင်းတင်ပြရာ စားသုံးမှု ကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးများရရှိရန် ရည်ရွယ်ချက်ဖြင့် ရွှေပြည်တန်စပါးမျိုးနှင့် ရွှေပြည်ဌေးစပါးမျိုးတို့ကို ၂၀၁၇ခုနှစ်မှစ၍ မျိုးကူးစပ်မွေး မြူရွေးချယ်ခဲ့ပြီး သားဆက်အဆင့်ဆင့်တိုင်းကို ရွေးချယ်ခြင်းများပြုလုပ်ခဲ့ကာ အစိုက် အများဆုံးဖြစ်သော ဆင်းသုခစပါးမျိုးနှင့် နှိုင်းယှဉ်ပြီး (၁၃မျိုး×၃လီ) RCBD ဖြင့် စမ်း သပ်စိုက်ပျိုးထားကြောင်းနှင့် ယခုနှစ်စမ်းသပ်မျိုးများမှ အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသည့် မျိုးလိုင်းများကို ထပ်မံရွေးချယ်ပြီး နောင်နှစ်မိုး ရာသီတွင် တောင်သူအဆင့် အကွက်ယှဉ်ပြိုင်ခြင်းစမ်းသပ်ကွက်အဖြစ် ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က စပါး သီးနှံများကိုမျိုးကွဲအလိုက်မျိုးကောင်းမျိုးသန့် ရရှိစေ ရေး စနစ်တကျထုတ်လုပ်ရန်နှင့် စိုက်ပျိုးရေးစမ်းသပ်ကွက်များတွင်ရာသီမရွေး စိုက်ပျိုးရေရရှိနိုင်ရန်နည်းများ ဆောင်ရွက်ထားရှိရန် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြစ်မခမြစ်ရေကာတာ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှု ခဲ့ပြီး ဆောင်ရွက်ရမည့်အချက်များအား လမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး

No comments:

Post a Comment