မိုးကောင်း ဩဂုတ် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ဆေးကုသပေးရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြို့နေ ဦးတင်မောင်+ဒေါ်စီစီမိုး (XIE family Company Ltd) ရှယ်မိသားစုကုမ္ပဏီမှ လှူဒါန်းသည့် မြို့နယ်ပြည်သူ့ဆေးရုံရှိ Oxygen Plant နှင့် အဆောက်အဦးသည် ၁၀၀ ရာခိုင်နှုန်းတပ်ဆင် တည်ဆောက်ပြီးစီးရာ ယမန်နေ့တွင် စတင်လည်ပတ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက် လည်ပတ်နေမှုကို
မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး
ဒေါက်တာကောင်းမြတ်စံနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း
သိရသည်။
အောက်ဆီဂျင် ထုတ်လုပ်အဆောက်အဦးမှ တစ်ရက်လျှင်
အောက်ဆီဂျင်(၄၀)လီတာဆံ့ အလုံးရေ(၁၅)လုံး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မိုးကောင်းမြို့
ပြည်သူ့ဆေးရုံအတွက်(၇)လုံး၊ နမ္မတီးစံပြ တိုက်နယ်ဆေးရုံအတွက်(၄)လုံး၊ ပင်းဘောတိုက်နယ်ဆေးရုံအတွက်(၄)လုံး
ဖြန့်ခွဲအသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)

No comments:
Post a Comment