ကျောက်ပန်းတောင်း ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက်၊ ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ မျက်နှာစာတွင် ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉
ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် Volunteer များ
အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် PPE Level-3 , N 95
Mask , Surgical Mask, Hand Gel , Face Shield , ရာဘာ Glove , ပိုးသတ်ဆေးရည်၊ ဆေးဖြန်းပုံး၊
အရက်ပြန်၊ Hand Speaker၊ ဗီတာမင်-စီ ဆေးပြား၊ Enervon-C ဆေးပြား အစရှိသည်တို့ပါဝင်ပြီး
ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာလူမှုရေးအသင်းများ၊
နာမှုကူညီရေးအသင်းများမှ Volunteer (၇၅)ဦးတို့ကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉
ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူမှ ပြောကြားခဲ့သည်။
အဆိုပါ
ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များက ပေးအပ်ရာ၊ ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းများမှ
Volunteer (၇၅)ဦးတို့က တစ်ဦးချင်း လက်ခံရယူခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)

No comments:
Post a Comment