ထားဝယ် သြဂုတ် ၃၁
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးအတွက် Oxygen Concentrators (10-Liter)၊ ဆန်နှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် Oxygen
Concentrators (10-Liter) အပါအဝင်ဆန်နှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးသည့်အတွက်
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းသည့် Concentrators
များကိုလည်း လိုအပ်သည့် နေရာများသို့
ဖြန့်ခွဲလှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးအတွက် Oxygen
Concentrators (10-Liter) (၁၀၀)လုံး၊ ဆန်(၂၅၀)အိတ်၊ IC
Unit သုံး PPE ဝတ်စုံ(၁၀)ထည်တို့ကို
ဦးကျော်ခင် Tzu Chi Buddhist Foundation Yangon က ပေးအပ်လှူဒါန်းရာ
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်
ပေးအပ်သည်၊၊
ဆက်လက်၍
ဦးကျော်ခင် Tzu
Chi Buddhist Foundation Yangon က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း
ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်
(တိုင်းဒေသကြီးပြန်/ဆက်)
No comments:
Post a Comment