စစ်တွေ ဩဂုတ် ၃၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ တိုက်ပွဲရှောင်စခန်းများမှ အသက်(၄၅)နှစ် နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။
အမှတ်(၂)
အခြေခံပညာကျောင်းတွင် စစ်တွေမြို့ပေါ်ရှိ ကယုချောင်း၊ အမျိုးသား၊ ယောသိတာရုံ၊ ဒက္ခေါင်း၊
မဏိရတနာ၊ သုခိတာရုံ၊ ဓမ္မာရာမ၊ ဘုရားသိမ်၊ ဝိဘဇ္ဇဝါဒီ၊ နန်းရွှေဂူနှင့် ဆုတောင်းပြည့်
ဘုန်းတော်ကြီး ကျောင်းများတွင် နေထိုင်နေကြသည့် တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်ကာကွယ်
ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကျန်တိုက်ပွဲရှောင်စခန်းများမှ ဒေသခံပြည်သူများကိုလည်း
သတ်မှတ်နေ့ရက်များတွင် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်သည်။
ထိုသို့
ကိုဗစ်-၁၉ရောဂါ ကာဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး
ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း
အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ
ကာကွယ်ဆေး ထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ
ပြန်လည် ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
အလားတူ
စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ စစ်တွေတက္ကသိုလ်(ဘုမေ)အား ကစားရုံ၊ အခြေခံပညာ
အထက်တန်းကျောင်း(ပါဒလိပ်)နှင့် သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်းတိုင်းဒဏ်ခံ အဆောက်အဦတို့တွင်
အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊
လူမှုရေးအဖွဲ့ အစည်းများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmကို
ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံရန်
လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်
တာဝန်ရှိသူများက လိုအပ်သောကိစ္စများကိုကူညီ
ဆောင်ရွက်ပေး လျက်ရှိသည်။
စစ်တွေမြို့နယ်၌
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကိုပထမအကြိမ်တွင် လူဦးရေ ၁၁၉၁၄ ဦးအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment