သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးတွင် အသုံးပြုရန်အတွက် Oxygen Concentrator စက်များပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဇုတ်သုတ်တိုက်နယ် ဆေးရုံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေးအတွက် ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်း ဒုတိယဆရာတော်
ဒေါက်တာဘဒ္ဒန္တနာဂဒီပ က Olive အမျိုးအစား10 Lit Oxygen Concentrator (၅) လုံး ကို ဇုတ်သုတ် တိုက်နယ်ဆေးရုံသို့ လည်းကောင်း ၊ Tzu CHI Buddhist Foundation (Taiwan) မှ
Owgetsအမျိုးအစား 10 Lit Oxygen Concentrator (၁၀)လုံး ကို မြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်း
လာရောက်လှူဒါန်းခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းနှင့်
အဖွဲ့ဝင်များက လက်ခံခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဘီးလင်း
(ပြန်/ဆက်)

No comments:
Post a Comment