Saturday, August 7, 2021

ဘီးလင်းမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ရေဘေးရှောင်ပြည်သူများ နေအိမ်အသီးသီးသို့ ပြန်လည်ပြောင်းရွေ့

 


ဘီးလင်း ဩဂုတ် ၇

ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်နေမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၀၂၂ အထက်ကျော်လွန် မြင့်တက်ခဲ့သည့်အတွက် ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းဒေသမှ ပြည်သူများအား မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာမှ တာဝန်ရှိသူများက ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထား ပေးခဲ့ရကြောင်း သိရသည်။

ယခုအခါ ဘီးလင်းမြစ်ရေမှာ ပြန်လည်ကျဆင်းနေပြီ ဖြစ်သည့်အတွက် ရေဘေးရှောင် စခန်းများတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စု  ၂၀၅ စုမှ လူဦးရေ ၇၆၈ ဦးတို့မှာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ကြပြီဖြစ်သဖြင့် ရေဘေးကယ်ဆယ်ရေး စခန်း ၉ ခုအားလည်း ယနေ့နံနက်ပိုင်းမှစ၍ ပိတ်သိမ်းလိုက်ပြီးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment