Saturday, August 7, 2021

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ သိန္နီမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်ဘူးနှင့် အခြားသော ပစ္စည်းများ ပေးအပ်လှူဒါန်း

 


သိန္နီ ဩဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ အောက်ဆီဂျင် (၄၀)လီတာဆန့် (၅)လုံး၊ PPE (Level-2) (၁၀၀)စုံ၊ PPE (Level-3) (၃၀)စုံ၊ Mask (၂၅၀၀)ခု၊ Hand Gel (၂)ဖာ၊ ပိုးသတ်ဆေးပုံး (၂)ပုံး တို့ကို ယနေ့နံနက်(၁၀)နာရီခွဲခန့်က သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လှူဒါန်းရာတွင် ယခုအချိန်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသဖြင့် ပြည်သူလူထု အတွက် အထောက်အကူပစ္စည်း ဖြစ်သည့် အောက်ဆီဂျင်ဘူး (၄၀)လီတာဆန့် (၅)လုံးနှင့်အတူ အခြားအသုံး အဆောင်များကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စား သိန္နီတပ်နယ်မှ တပ်ရင်းမှူးမှ ပေးအပ်လှူဒါန်းရာ သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မိုးအောင်နှင့် ရပ်မိရပ်ဖ များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

အိဇာချို(ပြန်/ဆက်)

No comments:

Post a Comment