မလှိုင် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များက 10 Liter Dual Oxygen Concentrator စက်(၃)လုံးကို မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကုသရေးစင်တာသို့ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေးအပ်လှူဒါန်းပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က 10 Liter Dual Oxygen Concentrator စက်(၃)လုံး ကို အလှူရှင်များ ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် ဝယ်ယူ လှူဒါန်း ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည် ။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက် ၊ အဖွဲ့ဝင် များ ဖြစ်ကြသော ဗိုလ်မှူးဌေးသန်း ၊ ဦးကျော်ငြိမ်း ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထိန်လင်းမောင် တို့က Oxygen Concentrator စက်များကို ပေးအပ်လှူဒါန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ တင်ဇော်ဝင်းနှင့် ဆရာမများက လက်ခံရယူခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည် ။
အဆိုပါ 10 Liter Dual Oxygen Concentrator စက်တစ်လုံးလျှင် ငွေကျပ်သိန်း(၂ဝ)တန်ဘိုးရှိပြီး စက်(၃)လုံးအတွက် ငွေကျပ်သိန်း (၆ဝ) ကို စေတနာရှင်အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေများဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း သိရပြီး Oxygen Concentrator စက်(၃)လုံးရရှိသဖြင့် အရေးပေါ်ကုသရန် အောက်ဆီဂျင်ကျနေသည့် လူနာ(၆)ဦးကို အသုံးပြုနိုင်သည့်အတွက် များစွာအထောက်အကူရရှိမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး

No comments:
Post a Comment