ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမကွက်သစ် ကျောင်း တိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင်ရေး (၈၀)ရာခိုင်းနှုန်းကျော် ရရှိပြီဖြစ်ပြီး အလှူရှင်များက အလှူငွေများကို လှူဒါန်း လျက်ရှိသည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ယမန်နေ့က ကွယ်လွန်သူ ဦးအောင်ကြီး+ဒေါ်ကြူကြူ၊သမီး မတင်တင်အောင်တို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေ ကျပ်(၁၀)သိန်း၊ကွယ်လွန်သူ ဒေါ်ရီရီလွင် အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ် (၅)သိန်း၊ ဦးထွန်းထွန်းနိုင်+ဒေါ်ကြည်ကြည်ဝင်း မိသားစုမှ အလှူငွေကျပ်(၃)သိန်း၊ဦးအောင်မြ+ ဒေါ်သန်းသန်း အေး မိသားစုမှ အလှူငွေကျပ်(၂)သိန်း၊ဦးထိန်လင်းသိန်း+ဒေါ်စိုးစန္ဒာထိုက် မိသားစုမှ အလှူငွေကျပ် (၁)သိန်းနှင့် အလှူရှင်များက အသီးသီး လှူဒါန်းလျက်ရှိရာ စိန်ရတနာ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူများက လက်ခံ ရယူလျက်ရှိသည်။
ယင်းအောက်ဆီဂျင်စက်ရုံတွင် တစ်နာရီလျှင်(၄၀)လီတာဝင်အိုးကြီး (၁၀)လုံးခန့် ထုတ်လုပ်ပေးနိုင် မည်ဖြစ်ပြီး တစ်ရက်လျှင်(၄၀)လီတာဝင်အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ထားကာ ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း(၁၆၀၀)ခန့် ကျသင့်မည်ဖြစ်ရာ အလှူရှင်များ လှူဒါန်းလိုပါက အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်းနှင့် ယခုအချိန်အထိ အလှူငွေမှာ (၈၀)ရာခိုင်နှုန်းကျော် ရရှိနေပြီးဖြစ်ကြောင်း၊ဆောက်မည့် နေရာအား ကြိုတင်ပြင်ဆင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့်စက်များလည်း မကြာခင် ရောက်ရှိလာ တော့ မည်ဖြစ်ကြောင်း စိန်ရတနာ နာရေး ကူညီမှု အသင်း(အင်းစိန်) ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုး ထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ပုံမှန် လူမှုကူညီရေးလုပ်ငန်းများနှင့် အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန် အဟုန်မြှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို


No comments:
Post a Comment