Friday, August 13, 2021

မအူပင်ခရိုင်၊မအူပင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသံချဲ့စက် ဖြင် မြို့တွင်းသို့ လှည့်လည်အသိပညာပေးနှိုးဆော်

 



 

မအူပင် သြဂုတ် ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မအူပင်မြို့ပေါ် ရှိရပ်ကွက်များသို့ ယမန်နေ့ ည ၇နာရီတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ကြေ ညာခဲ့ကြကြောင်းသိရ သည်။

 
အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ကြေညာရာတွင် ပြည်သူများအနေဖြင့် တတ်နိုင် သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာ နှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင်ပြင်ပမှ လာသောဧည့် သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်းသွားလာခြင်း ရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ပြီး လေဝင်လေထွက်ရှိအောင်လုပ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ကိုဗစ် ကပ်ရောဂါကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်း ချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ကကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်မြို့ပေါ်လူစည်ကားရာ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ သီရိဧရာတည်းခိုခန်းရှေ့၊ ကမ်းနားလမ်းနာရီ စင်အနီး၊ အမှတ်(၄)ရပ်ကွက် တိုးရွှေဝါအနီး၊ ဗောဓိတန်ဆောင်းရှေ့၊ အဝေးပြေးကားဂိတ် ထိပ်၊ အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးရုံးထိပ်၊ အမှတ်(၃)ရပ်ကွက်မင်းလမ်းနှင့် ၃လမ်းထိပ်၊ အမှတ်(၁)ရပ်ကွက်စိမ်းမြကန်သာလမ်းထိပ်၊အမှတ်(၁)ရပ်ကွက် ရွှေချိန်ခွင်လမ်းထိပ်တို့အချဲ စက်ဖြင့် အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်းနှင့် ကျေးရွာများအထိ အသိပေးကြေညာလျက် ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment