ဝေါ သြဂုတ်၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြိုနယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် Oxygen Concentrator အောင်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများ၊ Flow Meterများလှူဒါန်းခြင်းနှင့် တိုက်နယ်ဆေးရုံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝေါမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ငွေကျပ်(၅၂)သိန်းတန်းဖိုးရှိ Oxygen Concentrator(10)L အောင်ဆီဂျင် စက်(၂)လုံး၊ အောက်ဆီဂျင်အိုး(40)L (၁၀)လုံးနှင့် Flow Meter(၁၀)ခုကို ဝေါမြို့ နေ ဦးဌေးအောင်+ဒေါ်မြမြစိုး(အောင်စိုးမိုး-မိသားစု)က လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် နှင့် ကော်မတီဝင်များက လက်ခံရယူသည်။
ထို့နောက် ဝေါမြို့နယ်အတွင်းရှိ မြစ်ကျိုးတိုက်နယ်ဆေးရုံအတွက် Oxygen Concentrator (10)L အောင်ဆီဂျင်စက်(၁)လုံး၊ အောက်ဆီဂျင်အိုး(40)L (၅)လုံး၊ Flow Meter (၅)ခုနှင့် ညောင်ခါး ရှည်တိုက်နယ်ဆေးရုံအတွက် Oxygen Concentrator(10)L အောင်ဆီဂျင် စက်(၁)လုံး၊ အောက်ဆီဂျင်အိုး(40)L (၅)လုံး၊ Flow Meter(၅)ခုတို့ကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပြန်လည် လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်သည့် ဦးအောင်လွင်နှင့် ဦးလှမင်းတို့က လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။
စိုးမိုး

No comments:
Post a Comment