Sunday, August 8, 2021

ကျောက်ဆည်မြို့နယ်တွင် သံဃာတော်များနှင့် လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


ကျောက်ဆည် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့စုကြီးရပ်ကွက် မြို့တော်ခန်းမတွင်သံဃာတော်များ၊ လူမှုရေးအသင်း အဖွဲ့များအား ယနေ့နံနက်၉နာရီက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ သံဃာတော်(၇၆)ပါး၊ လူမှုရေးအသင်းအဖွဲ့များမှ(၉၃)ဦးအားကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဇူလိုင်လ(၃၁)ရက်နေ့မှယနေ့အထိ သံဃာတော်(၄၀၂)ပါး၊ အသက်(၆၅)နှစ် အထက်အဘိုးအဘွား (၁၄၁၈)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၇၂)ဦး၊ လူမှုရေးအသင်းအဖွဲ့(၁၂၀)ဦး၊ ဘိုးဘွားရိပ်သာမှအဘိုးအဘွား (၇)ဦး ၊နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်(၃၈)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၅၆)ဦး၊ ဟိုတယ်ဝန်ထမ်း(၆)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ(၁၄)ဦး၊ စုစုပေါင်း (၂၂၃၃)ဦးအား  ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများကို မြို့တော်ခန်းမတွင် နံနက်(၉) နာရီမှ ညနေ(၄) နာရီ အထိ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

တင်တင်ထွေး

No comments:

Post a Comment