ရွှေသောင်ယံ သြဂုတ် ၈
သပေါ့ကန်ကျေးရွာဓမ္မသုခကာရီကျောင်းတိုက်ဆရာတော်
မေး။ အသက်(၆၅)နှစ်အထက်အရွယ်တွေကို ဦးစားပေးအနေနဲ့ ကာကွယ်ဆေးထုံးနှံပေးတဲ့ အပေါ်မှာ ဆရာတော်ရဲ့အမြင်လေးကိုသိချင်ပါတယ်။
ဖြေ။ သက်ကြီးရွယ်အိုတွေက ခုခံအားနည်းတဲ့အတွက် ဦးစားပေးအနေနဲ့ထိုးနှံပေးတာကောင်းပါ တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် အပြည့်အဝမလုံခြုံရင်တောင် ခုခံနိုင် မယ်လို့တော့ ထင်တယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ထိုးထားသင့်တယ် လို့မြင်ပါတယ်။
ဦးဆိုင်းနော်နော်(ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး)
မေး။ ရွှေသောင်ယံမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်လိုဆောင်ရွက် နေပါသလဲ၊ ဘာတွေလိုအပ်ပါလဲ။
ဖြေ။ ကိုဗစ်-၁၉ ကပ်ရောဂါကို ရွှေသောင်ယံမြို့အနေနဲ့ ကာကွယ်နိုင်ရန် ဒီမြို့မှာရှိတဲ့ ပြည်သူ တစ်ဦးချင်းစီက စည်းကမ်းလိုက်နာဖို့လိုအပ်ပါတယ်။ သို့မှသာ ဒီမြို့အနေနဲ့ ဒီကပ်ရောဂါ ကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကော်မတီကလည်း အထက်အဆင့်ဆင့်ရဲ့ညွှန်ကြားချက်နှင့်အညီ မြို့မှာရှိတဲ့ဌာနဆိုင်ရာ တွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးအဖွဲ့တွေ၊ ဒေသမှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ လက်ရှိ အချိန်မှာ ရွှေသောင်ယံမြို့မှာ ကိုဗစ်-၁၉ (Positive) လူနာ(၆၆)ဦး ရှိပြီဖြစ်ပါတယ်။ ပိုပြီးမများလာဖို့ အတွက်ကို ပြည်သူများမှ စည်းကမ်းလိုက်နာပြီး ကော်မတီအနေနဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များမှာ ဒေသခံ များအနေနဲ့ တတ်အားသ၍ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့ ရွှေသောင်ယံမှာ ကိုဗစ်စင်တာ(၅)နေရာဖွင့်လှစ်ထားပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ (Positive)လူနာတွေ ကျန်းမာလျက်ရှိပြီးတစ်ချို့မှာသူတို့ရဲ့ နေအိမ်တွေကို ပြန်နိုင်ပြီဖြစ် ပါတယ်။
ရွှေသောင်ယံမြို့တိုက်နယ်ဆရာဝန်
မေး။ အခုကာကွယ်ဆေးထိုးတဲ့အခါမှာ ဆရာတို့အနေနဲ့ အခက်အခဲတွေရှိပါသလား။ ပြည်သူတွေကိုဘာ Messages တွေ ပေးချင်ပါသလဲ
ဖြေ။ အခုကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီးတော့ ညွှန်ကြားချက်ကလည်း မြန်တယ်၊ ပြင်ဆင် ချိန်ကနည်းတဲ့အတွက် အခက်အခဲတော့နည်းနည်းရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့တော့ ဆေးထိုးပေးတဲ့အပိုင်းကို တာဝန်ယူရပါတယ်။ ဦးဆောင်တာကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကဦးဆောင်ပါတယ်။ ဆေးထိုး တဲ့နေရာမှာ ရောဂါကူးစက်မှုတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ဆောင်ရွက် ပါတယ် ။အခုကာကွယ်ဆေးစတင်ထိုးတဲ့နေရာမှာ အသက်(၆၅)နှစ်အထက် ပြည်သူတွေ အတွက် ဆေးထိုးတဲ့အခွင့်အရေးကိုယူစေ ချင်ပါတယ်။ ကာကွယ်ဆေးထိုးကို လာရောက် ထိုးနှံစေချင်ပါတယ်။
ဦးဝင်းအောင်(ရွှေသောင်ယံမြို့အမှတ်(၂)ရပ်ကွက်)
မေး။ ကာကွယ်ဆေးလာထိုးဖြစ်တဲ့ အကြောင်းရင်းနဲ့ လာမထိုးဖြစ်တဲ့လူတွေကို ဘာတွေမှာ ချင်ပါလဲ။
ဖြေ။ သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါဖြစ်တာတွေရှိတယ်၊ သူငယ်ချင်းတွေကလည်း တိုက်တွန်းကြတယ်။ ဆေးထိုးဖို့ကို ကိုယ်တိုင်ကလည်း ယုံကြည်မှုရှိလို့ လာထိုးဖြစ် တာပါ။ မလာဖြစ်တဲ့လူတွေ မှာတော့ သူတို့ရဲ့ထင်မြင်ယူဆချက်၊ သိထားတဲ့ဗဟုသုတတွေ ပေါင်းစပ်ပြီးတော့ တစ်ချို့လည်း စိုးရိမ်စိတ်နဲ့မလာတဲ့လူတွေရှိတာပေါ့၊ ကျွန်တော် အနေနဲ့တော့ ထိုးထားသင့်တယ်လို့မြင်ပါတယ်။ ဒီရောဂါဟာ အသက်တော်တော်များများ ဆုံးရှုံးထားတဲ့အတွက် ဆုံးရှုံးမှုတွေမဖြစ်အောင် ထိုးထားသင့်ပါတယ်။
ဆရာမဒေါ်ဇင်မီမီထွန်း(ရွှေသောင်ယံမြို့၊ဝက်သေကျေးရွာအ-လ-က)
မေး။ ဒီနေ့ဆေးလာထိုးတာနဲ့ပတ်သက်ပြီး ဆရာမရဲ့ခံစားချက်ကလေးကို ပြောပြပေးပါ။
ဖြေ။ မထိုးခင်ကတော့ နည်းနည်းစိတ်လှုပ်ရှားပါတယ်။ ဆေးထိုးတဲ့အစီအစဉ် အပေါ်မှာတော့ သက်ကြီးပိုင်းတွေဆိုရင်လည်း ခံနိုင်ရည်အားနည်းတဲ့အတွက်ကြောင့် အခုလို ဦးစားပေး ထိုးတာ အရမ်းကောင်းပါတယ်။ ဝန်ထမ်းတွေဆိုရင်လည်း လူအများနဲ့ ဆက်ဆံနေရတဲ့ အတွက် ထိုးသင့်ပါတယ်။ ပရဟိတသမားတွေအနေနဲ့ကတော့ သူတို့ကိုယ်တိုင် ကျန်းမာ နေမှဖြစ်မှာလေ ဒီဆေးကလည်း WHO က အသိအမှတ်ပြုထားပြီးဖြစ်တဲ့အတွက် ထိုးသင့် ပါတယ်။
ဦးသိန်းငွေ(ရွှေသောင်ယံမြို့၊အမှတ်(၁)ရပ်ကွက်၊အုပ်ချုပ်ရေးမှူး)
မေး။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ၊ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေမှာ ဘယ်လို ဆောင်ရွက်နေပါသလဲ၊အခက်အခဲတွေရှိပါသလား။
ဖြေ။ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို စင်တာဖွင့်ပြီး ကိုယ်တိုင်လိုက်ပြီး စောင့်ရှောက် ဆောင်ရွက်ပေးနေ ပါတယ်။ရွှေသောင်ယံမြို့မှာတော့ ကာကွယ်ဆေးထိုး လုပ်ငန်းကို ဇူလိုင်လ(၃၁)ရက်နေ့ကစပြီး ဆောင်ရွက်ခဲ့ပါတယ်။ အစကတော့ လူတွေအာရုံ သိပ်မ ကျဘူး။ ဒီနေ့ဆိုရင် ရွှေသောင်ယံအတွက် ရထားတဲ့ ဆေးကိုနောက်ဆုံးထိုး ပေးတာပေါ့၊ လူတွေတစ်ဖြည်းဖြည်းစိတ်ဝင်စားလာကြတယ်။ လာရောက် ဆေး ထိုးတဲ့ လူတွေများ လာတယ် ပေါ့၊ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ကျန်းမာရေး
လမ်းညွှန်ချက်နဲ့အညီ အသက် (၆၅) နှစ် အထက်တွေ ဦးစားပေးထိုးပေးဖို့ စာရင်းလိုက်ကောက်တယ်၊ ရဟန်းသံဃာတွေ၊ ဝန်ထမ်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ဦးစားပေးထိုးထားသင့်တဲ့ လူတွေကို ဆေးထိုးနှံဖို့ အားလုံးကို အသိပေးလိုက်လံနှိုးဆော်ပါတယ်။
ရွှေသောင်ယံ(ပြန်/ဆက်)



No comments:
Post a Comment