Tuesday, August 24, 2021

တီးတိန်၌ကမ်းဟောက်အားကစားကွင်း ပွဲကြည့်စင်တည်ဆောက်မှုပြီးစီး

 



  တီးတိန်  ဩဂုတ်  ၂၄

ချင်းပြည်နယ်၊ ဦတီးတိန်မြို့ စကောလမ်းရပ်ကွက်ရှိ ကမ်းဟောက်အားကစားကွင်းတွင် တည်ဆောက်လျက်ရှိသော ပွဲကြည့်စင်တည်ဆောက်ရေးလုပ်ငန်း ၁၀၀%ပြီးစီးကြောင်းသိရသည်။

 အဆိုပါ ပွဲကြည့်စင်တည်ဆောက်ရေးလုပ်ငန်းသည် ချင်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ငွေလုံးငွေရင်းခွင့်ပြုငွေကျပ်သန်း၂၄၀ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း Zomi Land DevelomentCo;ltdက တာဝန်ယူတည်ဆောက်ထားသော RCနှစ်ထပ် ၁၈၀',၂၂'ရှိပွဲကြည့်စင်ဖြစ်‌ကြောင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှသိရသည်။


ဒိုင်းဒိမ့်(ပြန်/ဆက်)

No comments:

Post a Comment