မကွေး သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း မကွေးမြို့၊ အောင် မေတ္တာရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ရာ ယနေ့ နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်၍ အခြေခံစားသောက် ကုန်(၄)မျိုးနှင့် နှာခေါင်းစည်း Mask များအသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝင်ငွေနည်း အိမ်ထောင်စုဝင်များအားတွေ့ဆုံအား ပေးစကားပြောကြား ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့ နံနက် ပိုင်းက မကွေးလေ တပ်စခန်းဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရ သွင်ကိုကို၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များလိုက်ပါကာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၏ တင်ပြချက်အရ မကွေးမြို့၊ အောင် မေတ္တာ(က၊ ခ၊ ဂ၊ ဃ) ရပ်ကွက်တို့မှ စားသောက်ရေး အခက်အခဲဖြစ်ပေါ်နေသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၆၀၀)တို့ အတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ကြက်သွန်(၂)ပိဿာ၊ ကြက်ဥ(၂၀) လုံး၊ ခေါက်ဆွဲခြောက်( ၅ )ထုတ်နှင့် Mask(၁၀) ခု တို့အား ထောက်ပံ့ဆောင်ရွက်ပေးခဲ့ရာ ပြည်သူများမှ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် အခက်အခဲဖြစ်ပေါ်နေချိန်တွင် ထောက်ပံ့ ပေးမှုအတွက် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရ သည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်း များအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် မကွေးမြို့ပေါ်တွင် ပိုးတွေ့လူနာများလျော့ နည်းလာပြီဖြစ်သော်လည်း အချို့မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် နှာခေါင်းစည်း Mask တပ်ဆင်မှု အားနည်းခြင်းကြောင့် ပိုးတွေ့ရှိမှုနှုန်းမြင့်မားလျက်ရှိပြီး၊ ပိုးတွေ့ရှိမှုနှုန်း လျော့ချ ကာကွယ်နိုင်ရန်နှင့် Mask တပ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ (၂၅-၈-၂၀၂၁) ရက်နေ့မှ(၃၁-၈-၂၀၂၁)ရက်နေ့ထိ ရက်သတ္တပတ်ကို မကွေးတိုင်းဒေသကြီးအ တွင်း မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် Mask Campaign ပြုလုပ်ကာ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှတဆင့် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ အိမ်ထောင်စုများအား တစ်အိမ်လျှင် Mask(၁၀)ခုနှုန်းဖြင့် Mask(၅)သန်းကို အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေထောက်ပံ့ပေး လျက်ရှိကြောင်းသိရသည်။
မောင်ညီညာ


No comments:
Post a Comment