Wednesday, August 25, 2021

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဖျက်အားပြင်း ပိုးမွှားကျရောက်မှုရှိ၊ မရှိ ကင်းထောက်မှတ်တမ်းကောက်ယူ

 


ထန်ပါခွေ သြဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးစပါး(လယ်) ၁၇၈-ဧက စိုက်ပျိုး ပြီးဖြစ်ရာ သြဂုတ်လ(၂၅)ရက်က ပိုးမွှားကင်းထောက်မှတ်တမ်းယူခြင်း အားဖြင့် ပိုးမွှားကျရောက်မှုသိရှိစေရန်၊ ဖျက်အားပြင်း ပိုးမွှားများ (ငမြှောင်တောင်၊ "ဖော"ငမြှောင်တောင်) များ ကျရောက်လာပါက သက်ဆိုင်ရာ ရပ်၊ ကျေး အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ ပိုးမွှားများအား အချိန်မီရှင်းလင်း သုတ်သင်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဖျက်အား ပြင်းပိုးမွှား ကျရောက်မှုရှိ၊ မရှိ ကင်းထောက် မှတ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝေမင်းဦးနှင့် အကျိုးဆောင်တောင်သူများမှ ထန်ပါခွေ၊ လန်းနောက်ကျေးရွာနှင့် တာမောင်ကျေးရွာများရှိ လယ်စပါးစိုက်ခင်းများတွင် ဖျက်အားပြင်း ပိုးမွှားကျရောက်မှုရှိ၊ မရှိ ကင်းထောက်မှတ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟန်ထွန်း

No comments:

Post a Comment