Wednesday, August 25, 2021

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့်အောက်ဆီဂျင်စက်မြိတ်ပြည်သူ့ဆေးရုံသို့ရောက်ရှိ

 




မြိတ်   ဩဂုတ်   ၂၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ဝေဒနာရှင်များ အသုံးပြုရန်အတွက် လှူဒါန်းထားသည့် အောက်ဆီဂျင်စက်သည် ယနေ့ နံနက်ပိုင်းက ပြည့်သူ့ဆေးရုံတွင် တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိလာခဲ့သည်။

 “ရောက်ရှိလာတဲ့ အောက်ဆီဂျင်စက်ကို စတင်လည်ပတ်နိုင်ဖို့ စက်ပစ္စည်းတပ်ဆင်တဲ့အပိုင်း‌ဆောင်ရွက် သွားပါ့မယ်။ စက်ရုံမှ တစ်နေ့လျှင်(၄၀)လီတာအိုး အများဆုံး (၂၀၀)အိုးခန့်ထွက် ရှိမှာပါ။ ထွက်ရှိလာတဲ့ အောက်ဆီဂျင်တွေကို ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူ နေတဲ့လူနာတွေကို ဦးစားပေးဆောင်ရွက်ပေးသွားပါ့မယ်” မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် အောက်ဆီဂျင်စက်ကို ပြည်သူ့ဆေးရုံတွင် တည်ဆောက် လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအတွင်း တပ်ဆင်ဆောင်ရွက်ရန် မော်တော်ယာဉ်မှ စက်ရုံအတွင်းသို့ သယ်ယူဆောင်ရွက်နေမှုအား ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အောက်ဆီဂျင်စက်သည် NZO-60 NM အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင်(၄၀) လီတာအိုး (၁၀) လုံးထွက်ရှိကြောင်း၊ အောက်ဆီဂျင်စက်ကို ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင် စက်ရုံအတွင်း စတင်လည်ပတ်အသုံးပြုနိုင်ရေးအတွက် မီးလိုင်းများတပ်ဆင်ခြင်း၊ အောက်ဆီ ဂျင်စက်ပစ္စည်းများ တပ်ဆင်ခြင်းကို ပညာရှင်များက သွယ်တန်းတပ်ဆင်ခြင်းကို စတင်ဆောင် ရွက်လျက်ရှိသည်။

ထို့အတူ မြိတ်မြို့ရှိ စေတနာရှင် အလှူရှင်များမှ လှူဒါန်းသည့် အောက်ဆီဂျင်စက်သည် မကြာမီ ရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာမည်ဖြစ်၍ အဆိုပါစက်တပ်ဆင်မည့် ကလွင်ကျေးရွာ ဘုတ်ချောင်း ရှိအောက်ဆီဂျင်စက်ရုံတွင် တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသည့် အောက်ဆီဂျင်စက်သည် တစ်နေ့လျှင် (၄၀)လီတာ အောက်ဆီဂျင်အိုး (၁၈၀)မှ(၂၀၀)လုံးခန့် ထွက်ရှိနိုင်ကြောင်း၊ စေတနာရှင် အလှူရှင်များလှူဒါန်းထားသည့် အောက်ဆီဂျင်စက်သည် အောက်ဆီဂျင်အိုး(၁၀၀) မှ (၁၂၀)လုံး ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။

ခိုင်ထူး

No comments:

Post a Comment