မုဒုံ ဩဂုတ် ၁၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း လျော့ကျစေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုမရှိဘဲ အိမ် ပြင်ထွက်သူများအား စစ်ဆေး အရေးယူမှုများကိုနေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ ချနိုင်ရေး အတွက် မြို့နယ်တွင်း လူစည်ကားသည့်နေရာများ၊ လမ်းဆုံ/လမ်းခွများတွင် အဖွဲ့(၅)ဖွဲ့ခွဲ၍ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်သွားလာမှုမရှိသူများကို စစ်ဆေးဒဏ် ရိုက် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ပါးစပ်၊နှာ ခေါင်းစည်း တပ်ဆင်သွားလာခြင်းမရှိသူ သြဂုတ် ၁၂ ရက်နေ့ထိ (၅၁၄)ဦးအာ နှာခေါင်းစည်းနှစ်ခုပေး၍ ချက်ချင်း တပ်ဆင်စနစ်ဖြင့် တစ်ဦးလျှင် ဒဏ်ငွေ(၅၀၀)ကျပ်စီ ဒဏ်ငွေစုစုပေါင်း(၂၅၇၀၀၀)ကျပ်အား အရေးယူဒဏ်ရိုက်ဆောင်ရွက်ခဲ့ ပြီးဖြစ်ကြောင်း မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ


No comments:
Post a Comment