ငဖဲ ဩဂုတ် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အဦကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၇၁.၀၉)သန်းဖြင့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလက စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၁ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် လုပ်ငန်းအားလုံးရာနှုန်းပြည့် တည်ဆောက်ပြီးစီနေပြီဖြစ်၍ ရုံးဖွင့်လှစ်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ငဖဲမြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနရုံး အဆောက်အဦကို (၀.၄၀၂)ဧက ကျယ်ဝန်းသော မြေပေါ်တွင် တည်ဆောက်ထားပြီး ရုံးအဆောက်အဦမှာ
၂၂၅၀ စတုရန်းပေ ရှိ RC(၁)ထပ် အမျိုးအစားဖြစ်ကာ ရုံးခန်း(၃)ခန်းနှင့် အစည်းအဝေးခန်းမ(၁)ခန်းပါရှိပြီး
ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၇၁.၀၉)သန်းဖြင့် ၂၀၂၀ ပြည့်နှစ်
ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ဆောက်လုပ်ခဲ့ရာ ၂၀၂၁ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် လုပ်ငန်းအားလုံးအချောသတ်
ရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)

No comments:
Post a Comment