ဟားခါး ဩဂုတ် ၁၃
ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင် ဆန်းက ဩဂုတ်လ ၁၂ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ သုခိတာရုံ သာသနာပြု သီလရှင် စာသင်တိုက် အတွက် အလှူငွေကျပ် တစ်သိန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်နေသည့်ကာလအတွင်း ဗုဒ္ဓဘာသာသီလရှင် ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်း၊ ကွမ်းနှင့် ဝေယာဝစ္စများ ပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ် အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ ဆပ်ကပ်လှူဒါန်းခြင်းဖြစ်သည်။
ချင်းပြည်နယ်တွင် မြို့နယ် (၉) မြို့နယ်ရှိသည့်အနက် ဟားခါးမြို့နှင့် ဖလမ်းမြို့တွင်သာ ဗုဒ္ဓဘာသာသီလရှင်ကျောင်းရှိပြီး လက်ရှိတွင် ဟားခါမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်း၌ သီလရှင် (၄၅) ပါး၊ ဖလမ်းမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်း၌ (၇)ပါးက သီတင်းသုံးလျက် ရှိကြောင်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


No comments:
Post a Comment