နန်းယွန်း သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြှင့်တက်နေသောကြောင့် မြို့နယ်အတွင်းရှိမိဘပြည်သူများ ကိုဗစ်ရောဂါကူးစက်မှု လျော့ချစေရေးအတွက်ရည်ရွယ်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြပ်မတ်၍ LOCK DOWN အချိန်ကာလ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။
ထိုသို့
ရက်တိုးမြှင့်အသိပေးကြေညရာတွင် (၉-၈-၂၀၂၁)ရက်နေမှ(၁၅-၈-၂၀၂၁) ရက်နေ့အထိ နေစဉ်နံနက်
(၄) နာရီမှ နေ့လယ် (၁၂) နာရီအချိန်ထိ ခွင့်ပြုခြင်းခံရသူသာ နေအိမ်အပြင်ထွက်ကြရန်နှင့်
အကြောင်းရှိမှသာအပြင်သို့ထွက်ရန်၊ နေအိမ်အပြင်ထွက်မည်
ဆိုပါက Mask ကိုစနစ်တကျတပ်ဆင်ရန်၊ ဆိုင်ကယ်ကိုယဉ်မောင်းတစ်ဦးသာစီးရန်၊ ယာယီစျေးဝယ်သွားသည့်အခါတွင်လည်းတစ်အိမ်လျင်တစ်ဦးသာထွက်ရန်နှင့်
အပြင်ထွက်ခွာခွင့် ကပ်ပြားအားယူဆောင်ရန်၊ တောင်ယာသွားရောက်လုပ် ကိုင်သူများအနေဖြင့်
သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏သီးခြားထောက်ခံချက်နှင့် ကြီးကြပ်အဖွဲ့၏
စစ်ဆေးမှုကို ခံယူသွားရောက်ကြရန်၊ စျေးရောင်းသူများအနေဖြင့်Mask လက်အိတ်များ တပ်ဆင်ထားရန်၊နေအိမ်များတွင်ဖွင့်လှစ်ရောင်းချသည့်စျေးဆိုင်များ
နေ့စဉ်နံနက် ၄ နာရီအချိန်မှနေ့လယ် ၁၂ နာရီထိသာရောင်းချရန်နှင့်စျေးဝယ်သူများကို တစ်ဦးလျင်
၆ ပေအကွာသာရောင်းချရန်၊ မိမိနေအိမ်သို့ရပ်ဝေးမှလာရောက်သော
ဧည့်သည်နှင့် အိမ်နီးနားခြင်းများ လာရောက်ခြင်းမပြုရန်နှင့် သွားရောက်လည်ပတ်ခြင်းမပြုရန်၊
ဧည့်သည်များ ရောက်ရှိလာပါကလည်းစိစစ်မှုခံယူနိုင်ရေး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးထံ
ချက်ချင်းသတင်းပို့ရန်၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ
အနေဖြင့် မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စိစစ်သတ်မှတ်၍
လိုအပ်သည့်ယာဉ်များသာသွားလာရန်၊ ကုန်တင်ယာဉ်မောင်းများ၊
ခရီးသည်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့်Test Kid စစ်ဆေးပြီးမှသာ
မြို့နယ်ပြင်ပသို့ထွက်ခွာရန်၊ ကုန်တင်ယာဉ်များခွင့်ပြုချက်မရှိဘဲသွားရောက်သည်ကို စိစစ်
တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်ရန်၊
အခြားမြို့နယ်ဒေသများမှ လာရောက်သောဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် (၇၂) နာရီအတွင်း
Test Kid စစ်ဆေးမှု အထောက်အထားပါရှိမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မပါရှိပါက သက်ဆိုင်ရာ
Quarantine Center များတွင် မိမိစရိတ်ဖြင့်သာ နေထိုင်ရန်၊စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ
အနေဖြင့် (ပါဆယ်)စနစ်ဖြင့်သာရောင်းချခြင်းပြုရန်၊
ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၇-၈-၂၀၂၁)ရက်စွဲပါအမိန့်ကြော်ညာစာအမှတ်၊
၁၂၄/၂၀၂၁အရ ထပ်မံ၍ (၉-၈-၂၀၂၁)ရက်နေ့မှ (၁၅-၈-၂၀၂၁)ရက်နေ့ထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ်
သတ်မှတ်ကြေညာခဲ့ပြီး ထိုကာလအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက်
အဆိုပါအချက်များအား မိဘပြည်သူများ၊ဌာနဆိုင်ရာများအနေဖြင့် လိုက်နာပူးပေါင်း ပေးကြပါရန်နှင့်
လိုက်နာမှုမရှိပါက ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အဆင့်
ကိုစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ကြေညာအသိပေးခဲ့ကြောင်းသိရသည်။
အဆိုပါ
အသိပေးကြေညာခြင်းကို မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သြဂုတ်လ (၈)ရက် နေ့ညနေ ၈ နာရီအချိန်မှစတင်၍
မြို့ပေါ်(၃)ရပ်ကွက်အတွင်း လှည့်လည်ကာ ထုတ်ပြန်ကြေညာချက်အား နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း
သိရသည်။
ဟန်ကမ်း(နန်းယွန်း)

No comments:
Post a Comment