အောင်လံ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်း Oxygen Plant (၁)ခု ကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မတည်၍တည်ဆောက်ပေးသွားမည်ဖြစ်ပြီး Oxygen Plant စက်ရုံ(၁)လုံးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ ဦးဆောင်၍ အလှူရှင်များ ထည့်ဝင်လှူဒါန်းနိုင်ရေး နှိုးဆော်ဆောင်ရွက်ခဲ့ရာ စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေ ကျပ်သိန်း(၂၀၀) လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ
Oxygen Plant စက်ရုံတည်ဆောက်အသုံးပြုရန်အတွက် အောင်လံမြို့စက်ရုံရပ်ကွက်၊ အကွက်အမှတ်
(၂၁၁)၊ မြေဧရိယာ (၇.၅၇၇) ဧကရှိ ကုတင် (၅၀)ဆံ့ ဆေးရုံဝန်းအတွင်းရှိ မြေကွက်လွတ် (၈၀
× ၆၀)ပေ ပေါ်တွင် တည်ဆောက်ရန်လျာထား၍ အောင်လံမြို့နယ် ဆေးရုံတွင် 200KVA
Transformer (၂)လုံး ရှိပြီးဖြစ်၍ လုံလောက်မှုရှိကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
မတည်၍ Oxygen Plant စက်မှာ ယခုလ တတိယပတ်တွင် ရရှိမည်သိရပြီး စက်ရောက်ရှိပါကအသုံးပြုလည်ပတ်နိုင်ရေး
ကြိုတင်စီစဉ်ဆောင် ရွက်ထားရှိပြီး စက်ရုံတည်ဆောက်မှုလုပ်ငန်းအား ဩဂုတ်လ (၅)ရက်နေ့မှ
စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)

No comments:
Post a Comment