မုံရွာ သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
မြို့နယ်များတွင်လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ လုံလောက်စွာ အချိန်မီရရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊
မြို့နယ်များတွင် တည်ဆောက်လျက်ရှိသည့် Oxygen Plant စက်ရုံများ အချိန်မီပြီးစီးရေး
တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်း၍စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြာင်း၊ တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့်
ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊
သဘာဝဘေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကူညီကယ် ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်စုဆောင်းထားကြရန်
လိုအပ်ပါကြောင်း” ပြောကြားခဲ့သည်။
ယင်းနောက်
အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က ကာကွယ် ဆေးများထပ်မံရောက်ရှိလာပါက
မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ လုံလောက်စွာရရှိစေနိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍
ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်
ပတ်သက်၍ မိမိတို့တို့အနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့
တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများနှင့်
တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊
ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်
ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ကုသခြင်း
ဆိုင်ရာလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလိုအပ်သည့် ဆေးဝါးများနှင့်
အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊
ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများထိုးနှံရေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ်
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အစည်းအဝေး
ကိုရုပ်သိမ်းခဲ့သည်။
တိုင်းဒေသကြီး ပြန်/ဆက်
No comments:
Post a Comment