မော်လမြိုင် ဩဂုတ် ၁၈
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ရွှေနတ်တောင်၊ ရေသန့်စင်စက်ရုံဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် တည်ဆောက်သည့် တန်(၂၀)ဆံ့Liquidအောက်ဆီဂျင်စက်ရုံ တည်ဆောက်တပ်ဆင်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည့် အောက်ဆီဂျင် လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။ အဆိုပါတန် (၂၀)ဆံ့Liquid အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီးပါက(၁)နာရီလျှင် အောက်ဆီဂျင်(၄၀)လီတာ အိုး အလုံးရေ(၅၀)ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံများမှလည်း လိုအပ်သည့် အောက်ဆီဂျင် ပမာဏကို လုံလောက်စွာ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment