လှိုင်းဘွဲ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်သံဃနာယကဆရာတော်များ၏ ဩဝါဒကိုခံယူ၍ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ရပ်မိ/ ရပ်ဖများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ညှိနှိုင်း ဆွေးနွေး အစည်းအဝေးကို ယနေ့ နေ့လယ်(၁၂)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်သံဃနာယက အကျိုးဆောင် မဲဆမိတ်ဆရာတော်မှ ဩဝါဒ မိန့်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်၊ (BGF)ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အမှတ်(၂) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကြာအင်းတို့မှ အောက်ဆီဂျင် စက်ရုံတည်ဆောက်မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီနှင့် ဆပ်ကော်မတီများအား ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းငွေကျပ်(၄၁၅)သိန်း ထည့်ဝင်လှူဒါန်းခဲ့ကြပြီး အလှူရှင်များမှ အလှူငွေများ ထပ်မံ၍ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။
No comments:
Post a Comment