Wednesday, August 18, 2021

မုံးကိုးမြို့၌ ထေရဝါဒဘုန်းတော်ကြီးကျောင်းများအားဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း


 မုံးကိုး  ဩဂုတ်    ၁၈

မူဆယ်ခရိုင်၊မုံးကိုးမြို့ရှိ နယ်စပ်ဒေသသာသနာပြု ထေရဝါဒဘုန်းတော်ကြီးကျောင်းများ အတွက် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံး ၌ယနေ့နံနက်()နာရီအချိန်ကကျင်းပသည်။

ကိုဗစ် ၁၉ကာလအတွင်း မုံးကိုးမြို့ ဗဟိုသာသနာပြု‌ ကျောင်းဆရာတော် မဟာသဒ္ဓမဇောတိက ဓဇ ဦးအရိယာဝံသ အမှူးပြု၍ ဝါဆိုဝါကပ်တော်မူသော ရဟန်၊သာမဏေများဆွမ်း၊ ကွမ်းကိစ္စ အဆင်ပြေ ချောမွေ့စေရန်ရည်ရွယ်၍ မုံးကိုးမြို့ အုပ်ချုပ်ရေးမှူးဦးမျိုးမင်းထွန်းဦးဆောင်၍ ဦးတင်ထွန်း (ရပ်ကွက် အုပ်ချုပ်ရေးမှူး)၊ဦးဒွန်စင်ဆိုက်မိသားစု၊မုံးစီးပြည်သူ့စစ်အဖွဲ့မှဦးစိုင်းမွန်းမိသားစု၊မူဆယ်မြို့နေဦးရန်အောင်ကျော်မိသားစု၊ဦးထွန်းနိုင်(ဇနီး)ဒေါ်ယမင်းမိသားစုတို့ကစုပေါင်းလှူဒါန်ခြင်းဖြစ်သည်။ မုံးကိုးမြို့အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း(၅)ကျောင်း အတွက်ဝါဆိုသင်္ကန်း(၅)စုံ၊ ဆန်(၂၆)အိတ်၊ဆီ(၃၀)ပိဿာ၊ကြက်ဥ(၂၅)ကတ်၊ခေါက်ဆွဲခြောက်(၁၀)ဖာ၊အဟာရခြင်း()ခြင်းတို့ကို ဆပ်ကပ်လှူဒါန်းကြောင်းသိရသည်။

သန်းဇော်ဦး(မုံးကိုး)

No comments:

Post a Comment