Tuesday, August 24, 2021

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃)ထပ်တည်ဆောက်မှု (၅၀) ရာခိုင်နှုန်း ပြီးစီးမှုကွင်းဆင်းဆောင်ရွက်



 နတ်မောက်    သြဂုတ်    ၂၄

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ နတ်မောက်မြို့  လူထုအခြေပြုဗဟိုဌာန(Community  Centre )   RCC (၃)ထပ်  တည်ဆောက်နေမှုကိုယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အရည်အသွေး စစ်ဆေး ရေးနှင့် လက်ခံရေးကော်မတီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။   

 ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမောင်မောင်ကျော် ၊  မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဇင်မာအောင်၊  မြို့နယ်လျှပ်စစ်မှူး ၊ မြို့နယ်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ခံ  အင်ဂျင်နီယာတို့က အဆောက်အအုံအား အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community  Centre ) RCC (၃) ထပ်တည်ဆောက် ခြင်းကို   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေကျပ် (၄၁၄.၀၁၀) ကျပ်သန်းဖြင့် တင်ဒါ အောင်မြင်အောင်   Moon & Space ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၅၀%  ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံက သိရ သည်။

 သင်းသင်းမြတ်

No comments:

Post a Comment