Tuesday, August 24, 2021

တောင်ကြီးမြို့ပေါ်ရှိ အောက်ဆီဂျင် စက်ရုံစတင်လည်ပတ်နေမှု ကွင်းဆင်းကြည့်ရှု

 



တောင်ကြီး  သြဂုတ်လ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ၀၈၁ အောက်ဆီဂျင်စက်ရုံစတင်လည်ပတ်နေမှုအား တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ဖာမွန်း ကျေးရွာ၊ ရေဖြူရွာ၊ လွိုင်ခမ်း ၀၈၁ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်၌ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရှမ်းပြည်နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုပြည်နယ်မှူး တို့ကို တာဝန်ခံ အဖွဲ့ခေါင်းဆောင် ဒေါ်နန်းမိုမိုသီတာ က ၀၈၁ အောက်ဆီဂျင်စက်ရုံတည်နေရာ နှင့် စက်ရုံစတင်လည်ပတ်မှုအား(၁)ရက်လျှင် အောက်ဆီဂျင် အိုး (၈၀)ခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ 40L နှင့် 20L အိုးများသာ ဖြည့်သွင်းမည်ဖြစ်ပြီး (၁)အိုးလျှင် အောက်စီဂျင် O2 ဖြည့်သွင်းခ ၈၀၀ဝိ/- ကောက်ခံသွားမည်ဖြစ်ကာ အောက်ဆီဂျင် အိုးမရှိသူများအနေဖြင့် အောက်ဆီဂျင်အိုးပေါင် အဖြစ် ၆၀၀၀ဝိ/- ပေးဆောင်၍ (၃)ရက်ခန့် ငှားရမ်းသွားမည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့ပေါ်တွင် စဝ်စံထွန်း အောက်ဆီဂျင်စက်ရုံ ၊ လွိုင်ခမ်း ၀၈၁ အောက်ဆီဂျင်စက်ရုံ ရှမ်းကွင်း အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်များကို လုံလုံ လောက်လောက်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ပြည်သူ့များအခက်အခဲ ဖြစ်နေသော အောက်ဆီဂျင် များကို အချိန်မှီရရှိနိုင်ရေးအတွက် ဖြည့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့ကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

No comments:

Post a Comment