ဘူးသီးတောင် ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ၊ဆွမ်းဆန်တော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊စေတနာရှင် အလှူရှင်များ စုပေါင်း၍ဆန်၊ကြက်သွန်နီ၊ဆီ၊ကြက်ဥများဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန် ဘူးသီးတောင်မြို့ဉီးဉတ္တမခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးကျန်အေး နှင့်အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးအကဲများကကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးညွှန်ကြားချက်နှင့်အညီ လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများမှ နမောတဿ (၃)ကြိမ် ရွက်ဆို၍ဘုရား ကန်တော့ကြကာ ဘူးသီးတောင်မြို့အေးစေတီကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တ သောမ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစ ရှိသော ပရိတ်တရားတော်များနာယူကြည်ညိုခဲ့ကြသည်။
ပြီးနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊
ဌာနဆိုင်ရာ အကြီး အကဲများမှဆန်၊ကြက်သွန်နီ၊ဆီ၊ကြက်ဉများအတွက်နဝကံမအလှူငွေများအား ဆက်ကပ်
လှူဒါန်းခဲ့ကြကာ လမ်းမကျောင်းဆရာတော်ဘဒ္ဒန္တတေဇောဘာသ
ထံမှ အနုမောဒနာ တရားနာ ကြား၍ ရေစက် သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်
ရွက်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။
အဆိုပါလှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေများကြောင့်
ဝါတွင်းကာလ အတွင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၄၁)ကျောင်းတို့အား တစ်ကျောင်းလျှင်
ဆန်(၁)အိတ်၊ကြက်သွန်( ၁)ပိဿာ၊ဆီ(၁)ပိဿာ၊ကြက်ဉ( ၁၀)လုံး တန်ဖိုးငွေကျပ်( ၃၅၀၀၀) နှုန်းဖြင့်
စုစုပေါင်း အလှူငွေကျပ်သိန်း(၅၀)တို့ကို လှူဒါန်းခဲ့ကြကြောင်းသိရသည်။


No comments:
Post a Comment