ဘားအံ ဩဂုတ် ၂၆
သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ မိကရင်ကျေးရွာ ကုန်ထုတ် တံတား ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
ကုန်ထုတ်တံတားဖွင့်ပွဲတွင်
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြား
ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမျိုးမျိုးက
ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် မိကရင်ကုန်ထုတ်တံတားဆိုင်ရာ
အချက်အလက်များအား ရှင်းလင်းတင်ပြကာ ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်က မိကရင်ကျေးရွာ ဒေသခံပြည်သူများအတွက် ပါးစပ်နှင့်နာခေါင်းစည်း
Mask များ
ပေးအပ်လှူဒါန်းပြီး ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးက
တံတားဖွင့်ပွဲသို့ တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား တံတားဖွင့်ပွဲအထိမ်းအမှတ်များ ပြန်လည်ပေးအပ်သည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွား
ရေးရာ ဝန်ကြီးဦခင်မောင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က
မိကရင်ကုန်ထုတ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်း
ကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြကာ အဆိုပါတံတားပေါ်မှ ဖြတ်သန်း
ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
မိကရင်ကုန်ထုတ်တံတားသည်
အရှည် ၈၀ ပေ၊ အကျယ် ၁၄ ပေနှင့် အမြင့် ၁၄ ပေရှိ လက်ရန်းပါ သံကူကွန်ကရစ်
တံတားအမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ၁၀၀ ဒသမ ၈၈ သန်းဖြင့်
ငွေစင်ဆန်းသစ်ကုမ္ပဏီ လိမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကာ
ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေ၍
ကျေးလက်ဒေသလယ်ယာထုတ်ကုန်များအား ဈေးကွက်သို့ အချိန်တိုအတွင်း
သယ်ယူပို့ဆောင်ရောင်းချနိုင်တော့မည ဖြစ်ရာ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်လာစေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် တော့မည် ဖြစ်သည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မိကရင်တိုက်ကျောင်း
ဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စပ်များ၊
သာသနာတော်ဆိုင်ရာကိစ္စရပ်များအား လျှောက်ထား တင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်
နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း

No comments:
Post a Comment