Thursday, August 26, 2021

ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ မက်မန်းမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီးဝန်ထမ်းများအားစားသောက်ဖွယ်ရာများထောက်ပံ့





 မက်မန်း  သြဂုတ်   ၂၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့သို့ ရောက်ရှိပြီးဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများအား စားသောက် ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားပြီး ထို့နောက်ငါးခြောက်၊ ကြက်သွန်၊ ခေါက်ဆွဲစသည့်စားသောက်ဖွယ်ရာ ပစ္စည်းများ ပိသာချိန်(၁၅၀၀)ခန့် ပေးအပ်ရာခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ လက်ခံရယူပြီး ကိုဗစ်-၁၉ လရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် mask(20000) Hand Gel(50)ဗူး၊ Face Shield(500)ခု၊ PPE၀တ်စုံ(50)စုံ၊ Surgical  Gowns(100)၊ Oxygenerator(1)ခု၊ Para Tab(10)ဗူး Surgical Cap (100)ခု၊ VITA C Tab(20)ဗူး ၊ဓါတ်ဆားထုတ်(100)ထုတ်တို့ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးထွန်းလင်းအောင်မှ လက်ခံရယူကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကိုဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက် လျက်ရှိသော မက်မန်းမြို့ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် ပြည်နယ်အစိုးရရန်ပုံ ငွေဖြင့် ဆောက်လုပ်နေသည့် Clean & Greenအစီစဉ်အရ View Point တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးအချိန်မီပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အညီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

No comments:

Post a Comment