တောင်ကြီး သြဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မိထ္ထီလာ-တောင်ကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ တံတားအမှတ်(၅/၂၈၂) သံလွင်တံတား(တာကော်)သည် သံကူကွန်ကရစ်တံတားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင်၊ တံတားအရှည် (၃၅၁)မီတာ (၁၁၅၁.၆၃၁)ပေ၊ တံတားအကျယ် ယာဉ်သွားလမ်းအကျယ်(၈.၅)မီတာ၊ လူသွားလမ်းတစ်ဖက် (၁.၇၅) မီတာ၊ တံတားခံနိုင်ဝန် (၇၅)တန်ဖြစ်ပြီး လုပ်ငန်းစတင်ရက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ(၁)ရက်၊ လုပ်ငန်း ပြီးစီးမည့်ရက်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၃၀)ရက်ခန့်မှန်း၍ တံတားခန့်မှန်းစီမံကိန်းတန်ဖိုး ကျပ်(၂၆၃၅၀.၀၀၀)သန်း တံတားတစ်စင်းလုံးပြီးစီးမှု ရာခိုင်နှုန်းမှာ (၂၅%) ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားနေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊
အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၁၂) သံလွင်တံတား
(တာကော်) တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိလာရာ ပြည်နယ် လမ်းဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးသူရဇော်မှ တံတားနှင့် ဆိုင်သည့်ကိစ္စရပ်များ ရှင်းလင်းပြီး ပြည်နယ်
ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ရဲမှူးချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများက တံတားတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုကြ
ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများသည် သဘာဝဘေး ကြောင့်
ပျက်စီးသွားသော ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် MTKT လမ်း ၉ မိုင်တံတားမှ ခမ်းမိုက်ဆော့-ပိန်းကောက်-မိုက်မော်-ကတ်ကျန့်-ပန်မုန့်လမ်းပေါ်မိုင်တိုင်
(ဝ/၀-ဝ/၁)ကြားတွင် တောင်ကျရေဖြင့် ပျက်စီးသွားသော(၁၂၀´×၁၄´) ပလောင်ကုန်းဆာကွန်ကရစ်တံတားအား 120´Bailey Temporary Bridge (80´D/S&40´S/S) တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ
တာဝန်ရှိသူများက ရှင်းလင်းကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းနှင့်
တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား mask၊ Handgel၊ ခေါက်ဆွဲခြောက်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုင်းပျဉ်းမြို့နယ်သို့ ရောက်ရှိကာ မိုင်းပျဉ်းမြို့နယ် ကိုဗစ်ကာကွယ်ရေးအဖွဲ့သို့ mask (၂၀၀၀၀)၊
Handgel(၅၀)၊ Face shield (၅၀၀)၊ PPE(၅၀) Surgical Gowns(၁၀၀)၊ Surgical Cap (၁၀၀)၊
Oxygenator(၁)၊ Para Tab(၁၀)ဘူး၊ VlTAC Tab(၂၀)ဘူး၊ ဓါတ်ဆား(ထုပ်)၁၀၀၊ ငွေကျပ်(၁၀)သိန်းနှင့် မိုင်းပျဉ်းဆေးရုံတွင်
တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ငွေကျပ်(၅)သိန်းထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက
အသီးသီးလက်ခံရယူကြောင်း သိရှိရသည်။
မောင်မောင်သန်း
No comments:
Post a Comment