ဟင်္သာတ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေး ခန်းမတွင် ယမန်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ
အစည်းဝေးတွင် ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်
အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားကာ အဖွဲ့ဝင်များ ဖြစ်ကြသော
ဒုတိယ ဗိုလ်မှူးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍
တက်ရောက်လာကြသော လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ (၁၄) ခုတို့မှ ခရိုင်အဆင့် ကော်မတီဝင်များ၊
ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ ကော်မတီများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော
လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်နေမှုတို့ကို အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ခရိုင်ကော်မတီဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်း
ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇော်

No comments:
Post a Comment