မင်းဘူး ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓါတ်လှေကားတည်ဆောက်နေမှု လုပ်ငန်းများအားလုံးကို လာမည့်နှစ် (၂၀၂၂ ခုနှစ်) ဘုရား ပွဲတော် ရာသီချိန်မတိုင်ခင် အပြီးတည်ဆောက်သွားမှာဖြစ်ပြီး ယနေ့ အချိန်ထိ လုပ်ငန်းအားလုံး ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါ အရည်အသွေးစစ်ရေးအဖွဲ့ ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီးရှိ
နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ ဆောက်လုပ် နေသော
ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way
Bridge ) တည်ဆောက်နေမှုလုပ်ငန်းများနှင့် ၄၅ ရာခိုင်နှုန်း
ပြီးစီးမှုအခြေအနေများကို မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါ အရည်အသွေး စစ်ရေးအဖွဲ့
(QA/QC) အဖွဲ့ခေါင်းဆောင်နှင့် စစ်ဆေးရေးအဖွဲ့ဝင် အင်ဂျင်နီယာများက
ယမန်နေ့ နံနက် ၉ နာရီအချိန်က အရည်အသွေးစံချိန်စံညွှန်းများ
ပြည့်မီရေးနှင့် သတ်အမှတ်ကာလ အချိန်မီပြီးစီးရေးတို့ အတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါကို
အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ ဖြင့် အတက်နှင့်
အဆင်းဟူ၍ Lift Tower နှစ်ဆင်းကို ဘုရားရန်ပုံငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့်
တည်ဆောက်နေကြောင်း၊ ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ပြီးစီးတာကြောင့် Lift Colum ဆောက်လုပ်မှုများကို
ယခုလကုန်တွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကာလမှာ ၂၀၂၁ ခုနှစ်
ဇွန်လ ၂၉ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ ၈ လအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project
မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရား
ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက “ယခုဆောက်လုပ်နေတဲ့ ဓာတ်လှေကား တည်ဆောက်ပြီးစီးပါက
သက်ကြီးဘိုးဘွားတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ ဘုရားဖူးပြည်သူများအနေနဲ့ နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးကနေ အထက် ကိုးခန်းကြီးဘုရားအထိ
သက်တောင့်သက်သာ တက်ရောက်ဖူးမျှော်နိုင်တော့မှာဖြစ်ပါတယ်” ဟု ပြောသည်။
မောင်မောင်(မင်းဘူး)


No comments:
Post a Comment