ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ Stay at Home ကာလ၌ ဆွမ်း/ကွမ်း လှူဒါန်းရန်လိုအပ်သော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်အား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြဝတီမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ယမန်နေ့ ညနေ (၄)နာရီအချိန်က လိုက်လံထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့လှူဒါန်းရာ
မြဝတီမြို့ရှိ Stay at Home ကာလ၌ ဆွမ်း/ကွမ်းလှူဒါန်းရန်
လိုအပ်သော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်များဖြစ်သည့် တောင်တန်း သာသနာပြု ကျောင်းတိုက်အတွက် ဆန်(၁၀)အိတ်၊
ပဲ(၁၅.၅၀)ပိဿာ၊ ဆီ(၈.၀၀)ပိဿာနှင့် အေးမြတ်သိင်္ဂီသီလရှင်စာသင်တိုက်အတွက် ဆန်(၁၀) အိတ်၊
ပဲ(၂၀)ပိဿာ၊ ဆီ(၁၀.၀၀)ပိဿာ စုစုပေါင်းတန်ဖိုးငွေ (၁,၀၀၆၅၀၀)ကျပ်ကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
အဆိုပါထောက်ပံ့လှူဒါန်းမှုကို
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
မြဝတီမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးဦးဖြိုးဇင်ဝင်းနှင့်
ဝန်ထမ်းများက သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

No comments:
Post a Comment