လင်းခေး သြဂုတ် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်ရှိ နားကုန်းဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းတော်နှင့်အလှူငွေများ ပေးအပ် လှူဒါန်းပေးကြကြောင်း သိရသည်။
အခမ်းအနားတွင်
ဆရာတော်သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က
နမောဿတ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နားကုန်းပရိယတ္တိစာသင်တိုက်နားကုန်းကျောင်း
ဆရာတော် ဘဒ္ဒန္တစာရိန္ဒဂန္နဝါ စကပန္တိတ၊ အစိုးရဓမ္မာစရိယ၊ ပဥ္စနိကာယ၊ သာသနနုဂ္ဂဟဓမ္မာစရိယ
M.A သီရိလင်္ကာဝမ်ဟတ် တိုက်နယ်သံဃာ နာယကဥက္ကဋ္ဌဆရာတော်၀ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍
အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နားကုန်းပရိယတ္တိ စာသင်တိုက်
ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ရာ၌ အထောက်အပံ့ဖြစ်စေရေးအတွက် ဆရာ၊ ဆရာမနှင့်ကျောင်းသား၊
ကျောင်းသူများအတွက် ထောက်ပံ့ လှူဒါန်းငွေကျပ်(၇၀)နှင့် နားကုန်းပရိယတ္တိစာသင်တိုက်၌
ဆောက်လုပ်ဆဲဖြစ်သည့်(၁၂၀×၃၅) ပေRC(၃)ထပ် ကျောင်းဆောင် အသစ်အတွက် လှူဒါန်းငွေ(၁၀)သိန်းကျပ်တိတိတို့ကို
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ပေးအပ်လှူဒါန်းပေးရာ
ဆရာတော်၏ ကိုယ်စားလင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်မှ လက်ခံရယူခဲ့သည်။
ယင်းနောက်
ပြည်နယ် ဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပေဒေချုပ်တို့က နားကုန်းကျောင်းဆရာတော်၊
မကျိုင်းမွန်းကျောင်းပရဟိတဆရာတော်၊ မအွန်လောင်းကျောင်း ဆရာတော်၊ နမ့်ဆိုင်းကမ္မဌာန်းကျောင်းဆရာတော်၊
ဝမ်ဟတ်ကျောင်းဆရာတော်တို့အား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း ပေးကြသည်။
ထို့နောက်လှူဒါန်းမှုအစုစုအတွက်
နားကုန်းပရိယတ္တိစာသင်တိုက်၊ နားကုန်းကျောင်းဆရာတော် ဘဒ္ဒန္တစာရိန္နမှ သြဝါဒကထာ ချီးမြှင့်ခြင်းနှင့်
ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဿတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
၎င်းနောက်
လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ လင်းခေး ခရိုင်အတွင်းရှိခရိုင်၊
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက
နိုင်ငံတော် ဝန်ကြီးချုပ်၏ မှာကြားချက်များကို လင်းခေးခရိုင်တွင် ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊
ကိုဗစ်-၁၉ရောဂါကာလတွင် ချပေး သော Sinopharm ကာကွယ်ဆေးများကို မြို့နယ်အလိုက်ခွဲချထားပေးပါကြောင်း၊
(၆၅)နှစ်နှင့် အထက် အဘိုး၊ အဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ ၊ဘဏ်ဝန်ထမ်းများ၊
ပရဟိတအဖွဲ့များကို ဦးစားပေးထိုးရန် နိုင်ငံတော်က သတ်မှတ်ချက်များ ရှိပါကြောင်း ၊ အမည်စာရင်းများ
မကျန်အောင်နိုင်ငံတော်ကမှာကြားလိုက်ပါကြောင်း၊ ကုဒ်စာရင်းများသွင်းရမည် ဖြစ်၍ အမည်ကျန်ခဲ့လို့မရပါကြောင်း၊
ဆေး(၁)လုံးကို (၂)ယောက်ထိုးရမည်ဖြစ်၍ သေချာမှာကြားလိုက်ပါကြောင်း၊ အချို့ ဒေသတွင် အယူအဆလွဲမှားနေပါကြောင်း၊
ဆေးတစ်လုံးကို တစ်ယောက်ထဲထိုးနေပါကြောင်း၊ သက်ဆိုင်ရာ လင်းခေးခရိုင်အုပ်ချုပ် ရေးမှူးက
ကြီးကြပ်ဆောင်ရွက်ပေးကြရန်ဖြစ်ပြီး Stay at home ဖြင့်ဆောင်ရွက်ခြင်းကြောင့် ရောဂါပိုးကူးစက်နှုန်းတစ်ဖြေးဖြေး
ကျလာသည်ကို တွေ့ရပါကြောင်း၊ ပြည်သူများအားလုံးသိရှိနားလည်နိုင်ရန်သေချာမှာကြားလိုက်ပါကြောင်း၊
မကြာခင်ကာလတွင် ကာကွယ်ဆေးများထပ်ရောက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်၏
မှာကြားချက်အရနိုင်ငံ၏လူဦးရေ(၅၀%)ထိုးပေး နိုင်ရန် အားလုံးလျာထားပြီး ဖြစ်ပါကြောင်း၊
နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကမှာကြားချက်က စားသောက်ကုန်လုပ်ငန်းများ စျေးမတက်ရန်၊
ထွက်ကုန်များကိုအလေအလွင့်မရှိစေရန် ဆောင်ရွက်ပေးကြရန်နှင့် လမ်းပန်းဆက်သွယ်ရေးတွင်
ပိတ်ဆို့မှုမရှိပါ ကြောင်း၊ ကိုဗစ်ပစ္စည်းနှင့် ဆေးပစ္စည်းများကို နိုင်ငံခြားမှ တင်သွင်းမှုနှင့်ပတ်သက်ရင်လွတ်ပေးကြောင်း၊
ဆေးပစ္စည်းများ စျေးမတက်အောင် ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် ဆေးပစ္စည်းများနှင့်ပတ်သက်မှုရှိပါက
ပြတ်သားစွာ အရေးယူ ဆောင်ရွက်ပေးရန် မှာကြားလိုက်ပါကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊
မြို့နယ်အုပ်ချုပ်ရေးမှူးများက ကြပ်မတ် ဆောင်ရွက်ပေးကြရန်၊ လင်းခေးခရိုင် အနေဖြင့်
အောက်စီဂျင်နှင့် ပတ်သက်၍လိုအပ်ချက်ရှိပါကနမ့်စန်မြို့နယ်နှင့်ချိတ်ဆက်ဆောင် ရွက်ရန်ပြောကြား
သွားသည်။
ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာနမှ
ထောက်ပံ့ငွေများနှင့်ခရိုင်၊ မြို့နယ်ကို ဗစ်-၁၉ရောဂါထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများအတွက်
ထောက်ပံ့ငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ
ထောက်ပံ့ငွေ များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ထောက်ပံ့ငွေ(၁၀)
သိန်းကျပ်နှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက
ပေးအပ်ရာ လင်းခေးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်တင့်၊ လင်းခေးခရိုင် စီမံခန့်ခွဲမှုအဖွဲ့ဝင်၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(ယာယီ)ခရိုင်ဦးစီးမှူး ဒေါ်တင်မိုးဆွေတို့မှ
လက်ခံရယူကြသည်။
ထို့နောက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လင်းခေးမြို့နယ်၊မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းပန်မြို့နယ်တို့ကို
ထောက်ပံ့ ငွေကျပ်(၁၀)သိန်းစီနှင့် Maskအခုရေ(၁)သောင်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်စံတို့ကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအသီးသီးမှ
လက်ခံရယူကြပြီး Positive Centre များနှင့် ကုသရေးစင်တာများ၊ Quarantine Centre များရှိ
ဒေသခံပြည်သူများအတွက် အဟာရဖြည့်စွက်စာကြက်ဥများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေလင်းက
ပေးအပ်ရာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းမြင့်ဦးမှ လက်ခံရယူ၍ ရှမ်းပြည်
နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားပြီး
Positive Centre တွင် တာဝန်ထမ်း ဆောင်နေသော ပရဟိတအဖွဲ့အား ကြက်ဥ၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်၊
ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း
၊ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်တို့မှ ပေးအပ်လှူဒါန်း ပေးကြကြောင်း သိရှိရသည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် လင်းခေးခရိုင်မိုးနဲမြို့နယ်
ကွင်းအမှတ် (၁၆) နားခံမြောက်ကွင်း၌ စိုက်ပျိုးထားသော ဧည့်မထ အထွက်ကောင်းစပါးမျိုး တို့ကိုဝင်ရောက်ကြည့်ရှုရာ
စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းရာဒေသဝမ်းစာဖုံလုံမှုအတွက်မိုးနဲမြို့နယ်တွင်(၁၆၃.၃၉)%
နှင့်တစ်ခရိုင်လုံး အတွက် (၁၄၇၉.၇၉)% စပါးလုံလောက်မှုရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:
Post a Comment