Tuesday, August 10, 2021

သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဂါလံ ၈၀၀၀ ဆံ့ စက်သုံးဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

 


                                                                            သာစည် ‌သြဂုတ် ၁၀

သာစည်မြို့နယ်၊ ကြပ်စခန်းကျေးရွာအုပ်စု၊ မိတ္ထီလာ-တောင်ကြီးကားလမ်း ၊ မိုင်တိုင်အမှတ် (၄၇/၇) တွင် ယနေ့နေ့လည် ၂ နာရီအချိန်က မိတ္ထီလာမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ် 3K/6420 ၊ ဂါလံ (၈၀၀၀) ဆံ့ စက်သုံးဆီသယ် ၂၂ ဘီးယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ မိတ္ထီလာခရိုင် မီးသတ်စခန်းမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဦးစီးသော အုပ်ချုပ်မှုယာဉ်(၁)စီး ၊ သာစည်မြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးစီးသော အုပ်ချုပ်မှုယာဉ်(၁)စီး၊ ယင်းမာပင်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁)စီး ၊ ရေသယ်ယာဉ်(၁)စီး ၊ Apache ဘိလပ်မြေစက်ရုံမှ ရေသယ်ယာဉ်(၁)စီး၊ Blue Diamond ကုမ္ပဏီမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် တိမ်းမှောက်သည့်ယာဉ်အား ဆီယိုစိမ့်မှုနှင့် မီးလောင်မှု မဖြစ်‌ပေါ်စေရေးအတွက် FOAM အမြှုပ်ဆေးရည်များဖြင့် ကြိုတင်ဖုံးအုပ်ကာကွယ်ပေးခြင်း ၊ ဆီသယ် ယာဉ်အား ပြန်လည်တည့်မတ် မတင်နိုင်ရေး စက်ယန္တရားများ ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်အသွားအလာများ လမ်းပိတ်ဆို့မှု မရှိကြောင်းနှင့် အဆိုပါယာဉ်၏ ရှေ့လေကာမှန် ကွဲသွားခဲ့ပြီး ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်များ ထိခိုက်ဒါဏ်ရာ ရရှိမှု မရှိကြောင်း လည်း သိရသည်။

 မြို့နယ်ပြန်/ဆက်

 

 

No comments:

Post a Comment